Pages

About KKK

KK ဆီရောက်လာသူများ

KK's Facebook

Monday, June 18, 2012

မြင့်မြတ်သောဥပေက္ခာ                 (၁၇.၆.၂၀၁၂)
 ‘မင်းကိုငါဥပေက္ခာပြုလိုက်ပြီ၊မင်းကိုလူတစ်ယောက်ကချောက်ထဲတွန်းချဖို့လုပ်နေတာတောင်
ငါလှမ်းမဆွဲတော့ဘူး၊မင်းဘာ သာမင်းသေချင်သေ၊ရှင်ချင်ရှင်၊ငါနဲ့ဘာမှမဆိုင်တော့ဘူး ’ ။    ငယ်ငယ်တုန်းကကြားဖူးတဲ့မိခင်တစ်ဦးရဲ့ဥပေက္ခာစကားပါ။ ကိုယ့်စိတ်တိုင်းကျပြောဆိုမရတဲ့ရင်နှစ်သည်းချာသားရတနာတစ်ဦးအပေါ်စိတ်ဆိုးနေတဲ့အခိုက်
ပြောလိုက်တာပါ။တကယ်တမ်းကိုယ့်သားကိုလူတစ်ယောက်ကချောက်ထဲတွန်းချဖို့လုပ်နေရင်တော့
မိခင်မေတ္တာနဲ့လှမ်းဆွဲမှာပါပဲ။တွန်းချသူကိုလှမ်းဆွဲလို့မရရင်တောင်ရှောင်တိမ်းထွက်ပြေးဖို့တော့
သားကိုလှမ်းအော်သတိပေးမိမှာပါပဲ။ ‘ 

နင်ငါ့ကိုဥပေက္ခာပြုလိုက်ပြီးလားဟာ၊နင့်ကိုငါဘယ်လောက်ချစ်တယ်ဆိုတာနင်သိရက်သားနဲ့၊
ငါ့ရင်ထဲကခံစားချက်တွေကိုနင်နည်းနည်းလောက်တော့အသိအမှတ်ပြုသင့်ပါတယ်မိမိုးရယ်’ ။ ကျောင်းသားဘ၀တုန်းကမှတ်စုစာအုပ်ကြားမှာရည်းစားစာညှပ်ပြီးစာအုပ်ချင်းလဲလို့စာပေးစာယူ
အချစ်နဲ့အပြန်  အလှန်ချစ်ပွဲဝင်ခဲ့ကြတဲ့သူငယ်ချင်းနှစ်ယောက်ထဲကသူငယ်ချင်းကောင်မလေးဆီကို
သူငယ်ချင်းကောင်လေးရေးလိုက်တဲစာသားတစ်ခုပါ။ခုပဲချစ်လိုက်၊
ခုပဲမုန်းလိုက်နဲ့မြီးကောင်ပေါက်ဆယ်ကျော်သက်အရွယ်မှာ
အချစ်လည်းမတည်ငြိမ်သေး၊အမုန်းလည်းမတည်ငြိမ်သေးပါဘူး။
Saturday, June 2, 2012

ဆုတောင်း
ဆုတောင်း….ဟုတ်ပါတယ်…ကျွန်မတို့လောကီလူသားအသီးသီးတိုင်း….ကိုယ်ဖြစ်စေချင်တဲ့ဆုကိုမျိုးစုံဆုတောင်း
ကြပါတယ်..ကျွန်မလဲအရင်ကဘုရားသွားတိုင်း…….ကလေးဘ၀ကနေစပြီး..တက္ကသိုလ်ကျောင်းတက်တဲ့အထိ…
ဘုရားကိုရေချမ်းဆီမီးကပ်ပြီး…ကိုယ်လိုချင်တဲ့ဆုကျောင်းမှာအဆင့်တက်ဖို့ကနေ..အိမ်ကနေမုန့်ဖိုးများများရပြီး…
ကိုယ်လိုချင်တဲ့ပစ္စည်းဝယ်လို့ရတဲ့ထိပါဆုတောင်းတာပါ......



ဒီလိုနဲ့.....၂၀၀၉ခုနှစ် ၆လပိုင်းကုန်လောက်မှာတော့….ကျွန်မဟာမိုးကုတ်ဆရာတော်ကြီး
ရဲ့တရားခွေတွေနားထောင်ရင်း..မြတ်စွာဘုရားရဲ့သစ္စာတရားလေးပါးကိုသိခွင့်နာခွင့်ရခဲ့ပါတယ်…(ဒီနေရာမှာကျွန်မအထူးမေတ္တာရပ်ခံလိုပါတယ်…ကျွန်မရေးတဲ့စာအရေးအသားမှာတစုံတရာများ
မှားယွင်းရေးသားခဲ့မိရင်...ကျွန်မညဏ်ပညာနည်းပါး တယ်လို့ပဲနားလည်လက်ခံပေးကြပါရှင်)..
Tuesday, April 17, 2012
ဒီနေ့နှစ်ဆန်းတစ်ရက်နေ့ဆိုတော့..အိမ်နီးနားချင်းတွေဝေဖို့ကော....မိသားစုအတွက်ပါ ...ကြာဇံချက်

အိုးကြီးတစ်အိုးချက်စားဖြစ်ပါတယ်....

အရင်ဆုံးလိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ ပဲကြာဇံ၊မှိုခြောက်ပန်းခြောက်၊အသားတု၊ငုံးဥ၊ငါးဖယ်၊ကြက်သား

တို့ကိုဝယ်လိုက်ပါတယ်...နောက်ကြက်သားကိုအရင်ပြုတ်ထားပါတယ်..တပြိုင်ထဲငါးဖယ်နဲ့ငုံးဥကိုလဲ

ပြုတ်ထားပါတယ်...

နောက်ပြုတ်ထားတဲ့ကြက်သားတွေကိုအသားနွှင်ပြီး အစိမ်းမှုန့်နဲ့ဆီသတ်ချက်ပါတယ်....

Monday, April 16, 2012
ဒီနေ့သင်္ကြန်အတက်နေ့ သင်္ကြန်နောက်ဆုံးနေ့လဲဖြစ်ပြန်တော့.....မေမေကထမင်းအဆာပြေစာဖြစ်တဲ့

ကြက်သားကြာဇံကြော်လေးကြော်မယ်ပြောပါတယ်......ဘဲဥကြော်လေးလဲဖြူးပေးမယ်ပေါ့....

နောက်ဖေဖေကအကြံပေးပါတယ်...သူစားဖူးတဲကတရုတ်ဆိုင်တွေကကြာဇံကြော်တွေလို ငုံးဥထည့်ပါဦး

တဲ့....ကြက်သားကြာဇံကြော်နည်းလေးကိုကျွန်မတတ်သမျှ......မျှဝေရေးသားလိုက်ပါတယ်..............

ပထမဆုံးကြော်မယ့်ကြာဇံတွေကိုရေအရင်စိမ်ထားပါတယ်...နူးနူးညံ့ညံ့လေးဖြစ်အောင်ပါ.....တလက်စထဲ

ငုံးဥပြုတ်ထားတာလေးနွှာလိုက်ပါတယ်...

Sunday, April 15, 2012
ဒီနေ့တော့ နို့စိမ်းသာကူလေးကျိုဖြစ်ပါတယ်....ဒီတော့လိုအပ်တဲ့ဘုံကျောင်းတံဆိပ်သာကူစေ့ရယ်၊သကြား၊

နို့စိမ်း၊အုန်းနို့ဘူးတွေဝယ်လိုက်ပါတယ်.... 

Saturday, April 14, 2012
ယနေ့ သင်္ကြန်ပထမအကြတ်နေ့ဆိုတော့..... မုန့်လုံးရေပေါ်မနက်စောစောထလုံးပြီး အသင့်ဖော့ဘူးလေး

တွေထဲထည့်ပြီးလိုက်ဝေဖြစ်ပါတယ်.... ဖော့ဘူးလေးတွေလုပ်တာကတော့ အိမ်နီးနားချင်းတွေအပြင်

ရေကစားနေတဲ့ကလေးလေးတွေကိုပါ မုန့်ဝေပေးကုသိုလ်ယူချင်လို့ပါ.......မုန့်လုံးရေပေါ်ကြိုက်နှစ်သက်

တဲ့ရပ်ဝေးရပ်နီးမိတ်ဆွေသူငယ်ချင်းများကိုပါ.... ပုံလေးတင်ပေးရင်ကျွေးလိုက်တယ်နော်...

ကြိုက်သလောက်အ၀စားပါနော်...................


Friday, April 13, 2012
ယနေ့သင်္ကြန်အကျနေ့ဆိုတော့ ဆီထမင်းလှူမယ် လို့စိတ်ကူးထားတာနဲ့ မနက်စောစောထပြီး ဆီထမင်းထိုး
ပြီး၊ ဆီထမင်းနဲ့လိုက်ဖက်တဲ့ ငါးခြောက်လေးကြော် ၊ ပဲပြုတ် ၊ အုန်းသီး ၊နှမ်းထောင်းတို့နဲ့အတူ အိမ်နီးချင်း
တွေကို မနက်စောစော သူတို့တွေမနက်စာအဆင်သင့်စားရအောင် ချိုင့်လေးတွေပြင်ပြီး ကုသိုလ်ယူလိုက်ဝေပေးဖြစ်ပါတယ်.....

ကုသိုလ်တွေပြုလုပ်ရင်းကြည်နူးစိတ်ကလေးဖြစ်နေမိပါတယ်......ဒါပေမဲ့ မဖိတ်ခေါ်ဘဲစိတ်ထဲဝင်ဝင်လာ
နေတဲ့အကုသိုလ်အနှောင့်အယှက်တွေကိုလဲကြိုးစားမောင်းထုတ်နေရပါတယ်....ဒါကြောင့် ကိလေသာအညစ်အကြေးဆိုတော....မဖိတ်ခေါ်ပဲဝင်လာတဲ့ရန်သူဆိုတာအမှန်ပါပဲ...
ကိလေသာတွေကိုမောင်းထုတ်နိုင်ဖို့တရားအမှတ်လေးနဲ့ဆင်ခြင်နေမိပါတယ်.....

Thursday, April 12, 2012
နှစ်စဉ်နှစ်တိုင်းသင်္ကြန်ပွဲတော်ကာလတိုင်း သင်္ကြန်ရက်လေးတွေထဲစတုဒီသာအလှူလုပ်ကျွေးမွေးတတ်တာ

ကျွန်မတို့မိသားစုရဲ့ အစဉ်အလာ (တနည်းအားဖြင့်) မြန်မာမိသားစုတိုင်းရဲ့အစဉ်အလာပါ.........

ဒီနှစ်ကရက်ထပ်နှစ်လဲဖြစ်ပြန်တော့ ဒီနေ့သင်္ကြန်အကြိုနေ့ကို မေမေ့ကိုဘာကျွေးမလဲမေးတော့.....

သမီးရေ.....ရွှေရင်အေးလေးကျွေးမယ် ဆိုလို့.................. လမ်းထိပ်ကဆိုင်ကနေပဲမှာလိုက်ပါတယ်

အိမ်နီးနားချင်းတွေကော..ကလေးတွေပါမကျန်....ကုသိုလ်ယူမျှဝေကျွေးမွေးဖြစ်ပါတယ်

..........အလှူဒါနတစ်ခုလုပ်တိုင်း......ကျွန်မအမြဲဆုတစ်ခုတောင်းပါတယ်...............

လှူတဲ့အလှူတိုင်းဟာ..တရားနဲ့ယှဉ်သောအလှူဖြစ်ဖို့ပါ...........................

Tuesday, April 3, 2012
အကောင်းဆုံးအရသာ
ဘာမေးလဲဆိုတော့ “ ကိံသု သာဓုတရံ ရသာနံ- အရသာတွေထဲမှာ အကောင်းဆုံး အရသာကဘာလဲ။ ”
          ကဲဒီမေးခွန်းလေးရဲ့ အဖြေလေးကို စဉ်းစားကြည့်လိုက်၊ လောကလူတွေကို ဒီအမေးမေးလို့ ရှိရင် ၀က်သားကြိုက်တဲ့ လူက ၀က်သားလို့ မပြောပေဘူးလား ၊ဒါကြောင့်မို့ ဗမာ ၏စကားပုံမှာတောင် အဆိုရှိသေးတယ်၊ အသီးမှာသရက် အသားမှာ ၀က်တဲ့၊ သရက်သီးကြိုက်တဲ့ လူက သရက်သီး ကောင်းတယ်လို့ ပြောတယ်၊ သရက်သီးဟာ အရသာရှိဆုံးလို့ ဒီလိုထင်ကြတယ်၊  လောက လူတွေဟာ အရသာ ရှိတယ်ဆိုတာ ကိုယ်ကြိုက်တာကို အရသာ အရှိဆုံးလို့ ထင်ကြတာပဲ၊ ပြောကြတာပဲ၊ အမျိုးမျိုး ဖြေကြတယ်၊ အဲဒီ ကောင်းတယ်ဆိုတဲ့ အရသာတွေ အားလုံး အကန့်အသတ်နဲ့ ချည်းပဲ၊ ကဲ.. ၀က်သားကြိုက်တဲ့ လူတွေကို နေ့တိုင်းဝက်သားချည်း ချက်ကျွေးလို့ရှိရင် သူစားနိုင်မလား၊ မစားနိုင်ဘူးလား၊ ကိုယ့်ဘာသာကိုယ်ပဲ စဉ်စားကြည့် ၊ ကောင်းတယ်ဆိုတဲ့ အရသာကို ဒါချည်းပဲ နေ့တိုင်းကျွေးမယ်၊ ဒီပုဂ္ဂိုလ်က မစားနိုင်တော့ဘူး၊
ဒီတော့ မြတ်စွာဘုရားရဲ့ အဖြေက လောကမှာ လူတွေ မဖြေနိုင်တဲ့ အဖြေမျိုး၊ မသိနိုင်တဲ့ အဖြေမျိုးကို ဖြေထားတယ်၊ မှန်လည်း လုံးဝမှန်တဲ့အဖြေမျိုး၊ မြတ်စွာဘုရားက “ သစ္စံ သာဓုတရံ ရသာနံ -လောကမှာ အကောင်းဆုံး အရသာဟာ သစ္စာပဲ ”မှန်တာကို ပြောတဲ့ သစ္စာစကား။ ဘာဖြစ်လို့ ကောင်းတဲ့ အရသာလို့ ပြောတာတုံး၊ လောကလူတွေဟာ မှန်တဲ့စကား ကိုပြောနေလို့ ရှိရင် နွယ်မြက် သစ်ပင်တောင်ေ ဆးဘက်ဝင်တယ် မဟုတ်လား၊ ၀စီသစ္စာနဲ့ ပြောရင် အရာခပ်သိမ်း အောင်မြင်နိုင်တယ်။
ဝစီသစ္စာလို ကောင်းတဲ့ အရသာက ဘယ်တော့မှ အီမသွားဘူး၊ ၀က်သားစားရင် အီသွားမယ်၊ အချိုတွေလည်း စားရင်အီသွားမယ်၊ အချဉ်တွေလည်း ကြာရှည် မစားနိုင်ဘူး၊ ဒီ့ပြင်အရသာ တွေကလည်း၊ အတိုင်းအတာ အကန့် အသတ်နဲ့ ချည်းပဲ၊ မှန်တဲ့ စကားဟာ အကြိမ်တစ်ရာ ပြောလည်း အရသာမပျက်ဘူး။ ရလာတဲ့အကျိုးက လည်းအင်မတန်ကြီးမား တယ် လူသားကို မဆိုထားဘိ၊ ဘုရားအလောင်း “ငုံးဖြစ်စဉ်က တောမီးလောင်တဲ့ အခါ မှန်တာကို ပြောလိုက်တယ်။
Sunday, April 1, 2012
     ယနေ့ အာဟာရအလှူရှင်မှာ (………………… …………… …………… ……… ……… …………. ……… ………… …………… ……………..) လှူဒါန်းကြပါတယ် ခင်ဗျာ ……… ……….. ။
    ဤသို့ လှူဒါန်းကြသော အလှူဒါန အစုစုတို့ကို ဘ၀ဘောဂ တောင့်တကင်းကွာ၊ သဒ္ဓါ ထက်သန်စွာဖြင့် အ၀ိဇ္ဇာနှင့် တဏှာတို့၏ ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ရည်မှန်းလျှက် ဆက်ကပ် လှူဒါန်းကြသော အလှူရှင် မိသားစုများမှာ………….
(၁) ဘေးရန်ခပ်သိမ်း     -         ကင်းငြိမ်းကြပါစေ။
(၂) ကြောင့်ကြခပ်သိမ်း  -         ကင်းငြိမ်းကြပါစေ။
(၃)ရောဂါခပ်သိမ်း        -         ကင်းငြိမ်းကြပါစေ။
(၄)ဆင်းရဲခပ်သိမ်း        -         ကင်းငြိမ်းကြပါစေ။
(၅)နှလုံးစိတ်ဝမ်း         -         အေးချမ်းကြပါစေ။
(၆)ကြံစည်သမျှ-တောင့်တရာရာ အဖြာဖြာတို့သည် လျင်မြန်စောစွာ ပြီးစီး အောင်မြင်ကြပါစေ။
(၇)သာသနာတော်၏ အကျိုးကိုလည်း ဆထက် ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေ။
(၈)အားထုတ်ဆဲဖြစ်သော ၀ိပဿနာညဏ်သည် မဂ်ညဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက် ပြုနိုင်ကြပါစေကြောင်း သင်တန်းသူ/ သားများ နှင့်အတူ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျား။ အလှူရှင်များသည် ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ် ဆရာတော်ဘုရားကြီး၏ အဆုံးအမများကို ခံယူပြီးသား သူတော်ကောင်းများ ဖြစ်ကြသည့်အလျောက်
Wednesday, March 28, 2012

စာရေးသူရဲ့ အမှာစာ

            'စိတ်ညစ်ရင် ရေချိုးပါ' ထွက်ပြီးစမှာပဲ ဦးဇင်း အရှင်ဆန္ဒဓိက က ''နောက် ဘာခေါင်းစဉ်နဲ့ ရေးမလဲ''လို့ မေးလာပါတယ်။ စာရေးသူက ချက်ချင်းပါပဲ ''ရဝေနွယ်(အင်းမ)အသစ်''လို့ ဖြေလိုက်ပါတယ်။ ရေးမယ့် အကြောင်းအရာကိုလည်း ပြောပြလိုက်ပါတယ်။ ဒီတော့ ဦးဇင်းအရှင်ဆန္ဒာဓိက က ''အင်းမကို ဖြုတ်လိုက်ပါလား၊ 'ရနွေယ်အသစ်'ဆို ပိုမကောင်းဘူးလား''လို့ အကြံပြုပေးပါတယ်။ ဒါကြောင့် ''ရဝေနွယ်အသစ်'' လို့ပဲ အမည်ပေးလိုက်ပါတယ်။
            ဒါပေမဲ့လည်း နှစ်နှစ်သာ ကျော်သွားတယ်၊ စာတစ်ကြောင်း တောင် မရေးနိုင်ခဲ့ပါဘူး။ ကျောင်း တိုက်တည်ထောင်စရဲ့ အလုပ်တွေ ဖြစ်တဲ့ အဆောက်အအုံ, လမ်း, သစ်ပင်, ရေမြောင်း စသည်တွေကို မကျွမ်းကျင်ဘဲနဲ့ ကိုယ်တိုင် စီမံနေရလို့ပါ။
            (၂၉ . ၆ . ၂၀၁၁) နေ့မှာတော့ ဓမ္မရဝေတောရရဲ့ ကျောင်းဒကာမကြီး လည်းဖြစ်, စာရေးသူရဲ့ ရဟန်း ဒကာမကြီး လည်းဖြစ်တဲ့ ဒကာမကြီး ဒေါ်မြသိန်းက အမေရိကားကို ဆေးပြဖို့ ပင့်သွားပါတယ်။ ရောက်စတစ်လ ခွဲလောက်မှာတော့ ဆေးပြနေရလို့ စာမရေးဖြစ်ပါဘူး။ တစ်လခွဲ နောက်ပိုင်းမှပဲ နေမကောင်းတဲ့ကြားက ရေးဖြစ်သွားပါတယ်။ တကယ် ချရေး လိုက်တော့လည်း စာတွေက ဝေါကနဲ ဝေါကနဲနဲ့ မထင်မှတ်ဘဲ ထွက်လာခဲ့ ပါတယ်။
            ဒါပေမဲ့ ခက်တာက စာရေးသူရဲ့ လက်ရေးတွေက တော်တော်ဆိုး ပါတယ်။ လူတိုင်း မဖတ်နိုင်ပါဘူး။ မြန်မာပြည်မှာဆို ဗဂျီလင်းဝဏ္ဏရဲ့ ညီအငယ်လေးကတော့ ဖတ်နေကျမို့ စာမူပေးလိုက်တာနဲ့ ကောင်းကောင်း စီပေးနိုင်ပါတယ်။ ပထမစိတ်ကူးက အမေရိကားမှာ ရေးခဲ့ပြီး မြန်မာပြည် ပြန်ရောက်မှပဲ အငယ်လေးကို စာစီခိုင်းတော့မယ်လို့ စိတ်ကူးထားတာပါ။
            ဒါကို အမေရိကားမှာရှိတဲ့ ဘုန်းကြီး ဦးသိရိန္ဒ (www.ashinsirinda.com)က သိသွားပြီး သူ ဓမ္မဒါန ပါရမီဖြည့်ချင် ပါတယ်လို့ အမိန့် ရှိလာပါတယ်။ စာရေးသူရဲ့ လက်ရေးကို ဖတ်လို့မရမှန်း သိတော့ အသံသွင်းပြီး ဘုန်းကြီးဦးသိရိန္ဒ သီတင်းသုံးရာ ပေါ့တလန်မြို့ကို အင်တာနက်ကပဲ လှမ်းပို့လိုက်ပါတယ်။ ဒါပေမဲ့ သတ်ပုံတို့၊ မျက်တောင် အဖွင့်အပိတ်တို့၊ ကော်မာတို့၊ ပုဒ်ထီး ပုဒ်မတို့၊ စာပိုဒ်ခွဲ တာတို့ကျတော့ ခက်နေပြန်ရော။

လွန်းထားထား (ဆေးတက္ကသိုလ်)ရဲ့ “လွန်းထားထားအသစ်” အမှာစာ
            “အသစ်” ဆိုတဲ့အရာကို လူတိုင်း မက်မော သဘောကျ တတ်ကြတာ သဘာဝပါ။ နှစ်ဟောင်း တစ်နှစ် ကုန်ဆုံးလို့ “နှစ်သစ်” တစ်နှစ် စတင်ပြီဆိုတိုင်း လူတိုင်း ရင်ထဲမှာ တူညီတဲ့ စိတ်ခံစားမှု တစ်မျိုးက မတိုင်ပင်ရပါဘဲ အလိုအလျောက် ကိန်းဝပ်လာတတ် စမြဲပါ။ အဲ့ဒီ ခံစားမှုက နှစ်သစ်မှာ လူအသစ် စိတ်အသစ်နဲ့ ဘဝအသစ်တစ်ခု ပြန်စမယ်ရယ်လို့ ကိုယ့်ကိုယ်ကို ကတိကဝတ် အသစ်တွေ ပေးနေမိတာပါပဲ။
            ကျွန်မ ကိုယ်တိုင်လည်း “အသစ်... အသစ်” ဆိုတဲ့ အရာတွေကို မက်မော တန်ဖိုးထား တတ်ပါတယ်။ ပိုက်ဆံကလေးတွေ ကိုင်ရင်တောင်မှ အသစ်ကျပ်ချွတ် ကလေးတွေဆိုရင် စိတ်ကလေး ချမ်းသာ၊ ပီတိကလေး ဖြာလို့ပါ။ အဝတ်အစား အသစ်ကလေးတွေ၊ အသုံးအဆောင် အသစ်ကလေးတွေ ဆိုလည်း တယုတယနဲ့ တန်ဖိုးထား တွယ်တာ မြတ်နိုးလိုက်ရတာ အမောပါ။ စာရေးရင်လည်း စာရွက်အသစ် ဖြူဖြူစင်စင် ကလေးနဲ့ရေးရမှ စိတ်ချမ်းသာ ကျေနပ် တတ်သူပါ။
            အဲဒီလို အသစ်မှ မက်မော တန်ဖိုးထားမိတတ်တဲ့ ကျွန်မက ကိုယ့်ရဲ့ စိတ်ကလေးကိုရော နေ့တိုင်း အသစ်ဖြစ်နေအောင် တတ်နိုင်သရွေ့ ကြိုးစား အားထုတ် နေမိတတ်ပြန်ပါတယ်။ စိတ်ကလေး အမြဲသစ်နေဖို့ သတိကလေးတော့ အမြဲမပြတ် ရှိနေရပါတယ်။ သတိကလေး လွတ်သွားမိပြီ ဆိုတာနဲ့ ကိုယ့်ရဲ့ ဖြူစင်ကြည်လင် နေတဲ့ စိတ်အသစ်ကလေးဆီမှာ မာနအရောင်၊ လောဘအရောင်၊ ဒေါသအစွန်း၊ မောဟအညစ်တွေ ချက်ချင်း ကပ်ငြိတာခံရပြီး စိတ်အသစ်ကလေးက ချက်ချင်းပဲ ဟောင်းနွမ်း ညစ်ထေး သွားတတ်ပါတယ်။ သတိရတိုင်း သတိကလေးနဲ့ ပြန်ဆေးကြော သန့်စင်ဖို့ ကြိုးစားရပါတယ်။ သန့်စင် သွားတဲ့အခါလည်း ရှိသလို အမေ့မေ့ အလျော့လျော့နဲ့ ညစ်နွမ်း ညှိုးလျော် သွားခဲ့သမျှကို အချိန်လွန်မှ ပြန်ဆင်ခြင် သတိထားမိတာလည်း ရှိခဲ့ပါတယ်။
            မှတ်မှတ်ရရ ဆရာတော် ဦးဇောတိက၊ ဆရာတော် အရှင်ဆန္ဒာဓိကနဲ့ ဆရာတော် ရဝေနွယ်(အင်းမ) တို့ရဲ့ ဓမ္မစာပေများက ကျွန်မကို ဘဝနေနည်းများစွာ သင်ကြား ညွှန်ပြပေးခဲ့ပါတယ်။ ကျွန်မရဲ့ စိတ်ကလေးတွေ ညစ်နွမ်း ဟောင်းနွမ်း သွားတော့မယ် ကြံတိုင်း ဆရာတော်တို့ရဲ့ ဆုံးမ သတိပေး စာကလေးတွေနဲ့ ကျွန်မရဲ့ စိတ်ကလေးကို အသစ်ပြန်ဖြစ်အောင် ပြန်လည် ဆေးကြောသန့်စင် ရစမြဲပါ။
Saturday, March 24, 2012
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)ရဲ့ “အရှင်ဆန္ဒာဓိက အသစ်” အမှာစာ

“အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို ကွန်ပျူတာစာလုံးလေးစီ၊ အနေတော် ကတ်ပြားလေးထုတ်၊ ပလတ်စတစ်လေး လောင်းပြီး စာရေးစားပွဲရှေ့က ကျောင်းတိုက်မကြီးရဲ့ နံရံကပ်ပစ္စည်းတင် စင်လေးပေါ်မှာ မြင်သာထင်သာ ထောင်ထားရရင် ကောင်းမလားလို့ ခုတစ်လော မကြာခဏ တွေးနေ မိပါတယ်။  လုပ်ချင်တဲ့ အလုပ်တွေ အများကြီးထဲက အလုပ်သင့်ဆုံး အလုပ်ကိုပဲ အဓိက ဦးစားပေးလုပ် ဖြစ်သွားဖို့နဲ့ လုပ်သင့်တဲ့ အလုပ်တွေ အများကြီးထဲက အလုပ်ချင်ဆုံး  အလုပ်ကိုပဲ ဇောက်ချလုပ်ဖြစ်နေဖို့ အတွက်ပါ။

တိကျပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ရဲ့ အဓိကအလုပ်ကို ထိထိရောက်ရောက် တွင်တွင်ကျယ်ကျယ် လုပ်ဖြစ်နေချင်လို့ “အရှင်ဆန္ဒာဓိက အသစ် ဘယ်တော့များ  ဖြစ်လာမလဲ” လို့ တွေးတွေးနေမိတာ နေ့စဉ်နေ့တိုင်းပါပဲ။

“အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို ၂၀၀၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က စပြောဖြစ်ခဲ့တာပါ။ ၂-၂-၂၀၀၂ ဆိုတော့ (၂)လေးလုံးနေ့ကပေါ့။ အဲ့ဒီနေ့က နီပေါနိုင်ငံ၊ ခတ္တမန္ဒူလေဆိပ်ကနေ လုမ္ဗိနီလေဆိပ်ကို ဦးတည်ပျံသန်း လာတဲ့ စာရေးသူတို့ရဲ့ တွင်အော်တာ အမျိုးအစား လေယာဉ်ငယ်လေးကို ပြင်းအားများတဲ့  မိုးကြိုး ထိမှန်ခဲ့ပါတယ်။ လေယာဉ်ကို မိုးကြိုးပစ်ပြီလို့ သိလိုက်တာနဲ့ တစ်ပြိုင်နက် လေယာဉ်ပေါ်က ရွှေပါရမီအဖွဲ့သားတွေ လက်အုပ်ကိုယ်စီချီပြီး ဘုရားစာ ရွတ်လိုက်၊ ဘုရားဂုဏ်တော် ပွားလိုက်နဲ့  အားလုံး သတိအနေအထားဖြစ် သွားပါတယ်။ လေယာဉ် ဘယ်အချိန် မီးလောင်ပြီး ပျက်ကျမလဲ ဆိုတဲ့အတွေးနဲ့ အားလုံးပဲ တိတ်ဆိတ်ငြိမ်သက်စွာ...။ တစ်ယောက်မျက်နှာတောင် တစ်ယောက်မကြည့်မိကြ။ ကိုယ့်တရား  အာရုံလေးနဲ့ ကိုယ်၊ ကိုယ့်ကုသိုလ်အာရုံလေးနဲ့ ကိုယ်သေဖို့ အသင့်အနေအထား ပြင်ဆင်ခဲ့ကြ ပါတယ်။
Saturday, February 18, 2012
မေတ္တာပါရမီ
မြင့်မြတ်သူတို့ရဲ့အလုပ်(၉)
  မေတ္တာဖြစ်ပုံ၊ စနစ်ကုန်၊ စုံစုံဘယ်သို့ ပြောမည်နည်း။ မိမိအပေါ်၊ သူ-မတော်လည်း၊ သူတော်မြတ်ဖျား၊ လောင်းဘုရားတို့၊ သူများပြစ် ပြစ်ဆာ၊ မရှုပါဘဲ၊ ကိုယ်သာသူ့ကျိုး၊ ဆောင်သယ်ပိုး၊ရိုးရိုးမေတ္တာ ပွားသတည်း။ “မေတ္တာဟူသည် သူတစ်ပါးတို့ကိုကြီးပွားစေလို၊ ချမ်းသာစေလို သောတည်း” ထို့ကြောင့်မြင့်မြတ်သော စိတ်ဓာတ် ရှိသူတို့သည် မိမိအပေါ်၌ သူတစ်ပါးကမတော်တရား ပြုထားစေကာမူ ထိုသူ၏ အပြစ်အနာအဆာကို (လက်စားချေမည်)ဟု မရှုတော့ဘဲ အကြောင်းကိစ္စ ပေါ်လာလျှင် ကိုယ်ကသာသူ့အကျိုးကို ဆောင်ရွက်ရလေသည်။(အရှင်ဇနကာဘိဝံသ- ရုပ်စုံဗုဒ္ဓ၀င် အမေးအဖြေ၊ နှာ-၃၀)ဗာရာဏသီပြည်၊ ဗြဟ္မဒတ်မင်းမှာ အမတ်တစ်ယောက်ရှိ ပါတယ်။ တစ်နေ့တော့ အဲအမတ်ကို မသင့်လျော်တဲ့ အပြစ်တစ်ခုကို ကျူးလွန်တဲ့အတွက် မိသားစုနဲ့ အတူတိုင်းပြည်က နှင်ထုတ် လိုက်ပါတယ်။ နှင်ထုတ်ခံလိုက်ရတဲ့ အမတ်က ကောသလတိုင်း ဒုဗ္ဘိသေနမင်းဆီ သွားခစားပါတယ်။ တဖြည်းဖြည်းနဲ့ ဒုဗ္ဘိသေနမင်းရဲ့ လူယုံဖြစ်လာတော့ နာကြည်းချက် ဒဏ်ရာလေးကလည်း ရှိထားတာဆိုတော့ ဗာရာဏသီပြည်ကို သိမ်းယူဖို့ တိုက်တွန်းပါတယ်။  ဒုဗ္ဘိသေနမင်းလည်း အမတ်ရဲ့တိုက်တွန်းချက်အရ ဗာရာဏသီပြည်ကို သွားပြီးသိမ်းပိုက်ပါတယ်။ ပြီးတော့ဗာရာဏသီမင်းကို ဖမ်းပြီးနန်းတော် တံခါးခုံအထက်မှာ တွဲလျားဇောက်ထိုး စွဲထားလိုက်ပါတယ်။ ဗာရာဏသီမင်းဟာ တရားနဲ့အညီ မင်းလုပ်နေသလို နေ့စဉ် ဒါန၊ သီလ၊ သမထတွေကိုလည်း ပြုကျင့်ပွားများနေသူပါ။ တရားဓာတ်ခံရှိထားတာ ဆိုတော့ ဇောက်ထိုးအစွဲ ခံထားရလျက်ပဲ ဒုဗ္ဘိသေနမင်းကို မေတ္တာပွားပါတယ်။