About KKK
- Unknown
မှတ်တမ်းလေးများ
-
▼
2012
(14)
-
▼
April
(8)
- ၁၇.၄.၂၀၁၂ - နှစ်ဆန်းတစ်ရက်နေ့ (ကြာဇံချက်အလှူ)
- ၁၆.၄.၂၀၁၂ - သင်္ကြန်အတက်နေ့ ( ကြက်သားကြာဇံကြော်အလှူ)
- ၁၅.၄.၂၀၁၂ - သင်္ကြန်ဒုတိယအကြတ်နေ့ ( နို့စိမ်းသာကူအလှူ)
- ၁၄.၄.၂၀၁၂ - သင်္ကြန်ပထမအကြတ်နေ့ (မုန့်လုံးရေပေါ်အလှူ)
- ၁၃.၄.၂၀၁၂ - သင်္ကြန်အကျနေ့ (ဆီထမင်းအလှူ)
- ၁၂.၄.၂၀၁၂ - သင်္ကြန်အကြိုနေ့ (ရွှေရင်အေးအလှူ)
- အကောင်းဆုံးအရသာ
- မိုးကုတ်ဝိပဿနာ ဆုတောင်း
-
▼
April
(8)
KK ဆီရောက်လာသူများ
KK's Facebook
Sunday, April 1, 2012


ယနေ့ အာဟာရအလှူရှင်မှာ (………………… ……………
…………… ……… ……… …………. ……… ………… …………… ……………..) လှူဒါန်းကြပါတယ် ခင်ဗျာ ……… ……….. ။
ဤသို့ လှူဒါန်းကြသော အလှူဒါန အစုစုတို့ကို ဘ၀ဘောဂ
တောင့်တကင်းကွာ၊ သဒ္ဓါ ထက်သန်စွာဖြင့် အ၀ိဇ္ဇာနှင့် တဏှာတို့၏ ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို
ရည်မှန်းလျှက် ဆက်ကပ် လှူဒါန်းကြသော အလှူရှင် မိသားစုများမှာ………….
(၁)
ဘေးရန်ခပ်သိမ်း - ကင်းငြိမ်းကြပါစေ။
(၂)
ကြောင့်ကြခပ်သိမ်း - ကင်းငြိမ်းကြပါစေ။
(၃)ရောဂါခပ်သိမ်း - ကင်းငြိမ်းကြပါစေ။
(၄)ဆင်းရဲခပ်သိမ်း - ကင်းငြိမ်းကြပါစေ။
(၅)နှလုံးစိတ်ဝမ်း - အေးချမ်းကြပါစေ။
(၆)ကြံစည်သမျှ-တောင့်တရာရာ
အဖြာဖြာတို့သည် လျင်မြန်စောစွာ ပြီးစီး အောင်မြင်ကြပါစေ။
(၇)သာသနာတော်၏
အကျိုးကိုလည်း ဆထက် ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေ။
(၈)အားထုတ်ဆဲဖြစ်သော
ဝိပဿနာညဏ်သည် မဂ်ညဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက် ပြုနိုင်ကြပါစေကြောင်း
သင်တန်းသူ/ သားများ နှင့်အတူ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျား။ အလှူရှင်များသည်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ် ဆရာတော်ဘုရားကြီး၏ အဆုံးအမများကို ခံယူပြီးသား
သူတော်ကောင်းများ ဖြစ်ကြသည့်အလျောက် ခန္ဓာအရှိ ဖြစ်ပျက်၊ ဥာဏ်အသိမဂ်နှင့် ကိုက်ပြီးလျှင်
လက်ရှိ ခန္ဓာကိုလည်း မခင်မင်၊ နောင်ခန္ဓာကိုလည်း မလိုချင်၊ခန္ဓာဝန် ဒုက္ခသစ္စာကို သိပြီး
ခန္ဓာဝန် ၀ဍ်ဒုက္ခမှ ကျွတ်လွတ်လိုသော ညဏ်ဖြင့် လှူဒါန်းကြသော ဒါနဖြစ်ပါတယ်။
ဒါကြောင့် ယနေ့ပြုသော ကုသိုလ် ကောင်းမှုတို့ကို
သင်တန်းသူ/သား အပေါင်းတို့နှင့် တကွ အားလုံးသော ဝေနေယျ၊ သုခိတ၊ ဒုက္ခိတ သတ္တ၀ါ အပေါင်းတို့အား
အလှူရှင်များနှင့် အတူ အမျှပေးဝေပါတော့မယ်။………..
အားလုံး-
(ကုသိုလ် (အမျှ အမျှ အမျှ)ယူတော်မူကြပါကုန်လော့
။
သာဓု သာဓု သာဓု ။ ) (သုံးကြိမ် ရွတ်ဆို အမျှဝေပေးပါရန်)
မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ချုပ်
အမှတ်(၈၂)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
အမှတ်(၈၂)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
Subscribe to:
Post Comments (Atom)
1 comments:
မင်းရေးထားတဲ့ စာလေးတွေ ကို ဖတ်ရတာ စိတ်ဝင်စားစရာကောင်းတယ်
Post a Comment