Pages

About KKK

KK ဆီရောက်လာသူများ

KK's Facebook

Monday, June 18, 2012

မြင့်မြတ်သောဥပေက္ခာ                 (၁၇.၆.၂၀၁၂)
 ‘မင်းကိုငါဥပေက္ခာပြုလိုက်ပြီ၊မင်းကိုလူတစ်ယောက်ကချောက်ထဲတွန်းချဖို့လုပ်နေတာတောင်
ငါလှမ်းမဆွဲတော့ဘူး၊မင်းဘာ သာမင်းသေချင်သေ၊ရှင်ချင်ရှင်၊ငါနဲ့ဘာမှမဆိုင်တော့ဘူး ’ ။    ငယ်ငယ်တုန်းကကြားဖူးတဲ့မိခင်တစ်ဦးရဲ့ဥပေက္ခာစကားပါ။ ကိုယ့်စိတ်တိုင်းကျပြောဆိုမရတဲ့ရင်နှစ်သည်းချာသားရတနာတစ်ဦးအပေါ်စိတ်ဆိုးနေတဲ့အခိုက်
ပြောလိုက်တာပါ။တကယ်တမ်းကိုယ့်သားကိုလူတစ်ယောက်ကချောက်ထဲတွန်းချဖို့လုပ်နေရင်တော့
မိခင်မေတ္တာနဲ့လှမ်းဆွဲမှာပါပဲ။တွန်းချသူကိုလှမ်းဆွဲလို့မရရင်တောင်ရှောင်တိမ်းထွက်ပြေးဖို့တော့
သားကိုလှမ်းအော်သတိပေးမိမှာပါပဲ။ ‘ 

နင်ငါ့ကိုဥပေက္ခာပြုလိုက်ပြီးလားဟာ၊နင့်ကိုငါဘယ်လောက်ချစ်တယ်ဆိုတာနင်သိရက်သားနဲ့၊
ငါ့ရင်ထဲကခံစားချက်တွေကိုနင်နည်းနည်းလောက်တော့အသိအမှတ်ပြုသင့်ပါတယ်မိမိုးရယ်’ ။ ကျောင်းသားဘ၀တုန်းကမှတ်စုစာအုပ်ကြားမှာရည်းစားစာညှပ်ပြီးစာအုပ်ချင်းလဲလို့စာပေးစာယူ
အချစ်နဲ့အပြန်  အလှန်ချစ်ပွဲဝင်ခဲ့ကြတဲ့သူငယ်ချင်းနှစ်ယောက်ထဲကသူငယ်ချင်းကောင်မလေးဆီကို
သူငယ်ချင်းကောင်လေးရေးလိုက်တဲစာသားတစ်ခုပါ။ခုပဲချစ်လိုက်၊
ခုပဲမုန်းလိုက်နဲ့မြီးကောင်ပေါက်ဆယ်ကျော်သက်အရွယ်မှာ
အချစ်လည်းမတည်ငြိမ်သေး၊အမုန်းလည်းမတည်ငြိမ်သေးပါဘူး။
Saturday, June 2, 2012

ဆုတောင်း
ဆုတောင်း….ဟုတ်ပါတယ်…ကျွန်မတို့လောကီလူသားအသီးသီးတိုင်း….ကိုယ်ဖြစ်စေချင်တဲ့ဆုကိုမျိုးစုံဆုတောင်း
ကြပါတယ်..ကျွန်မလဲအရင်ကဘုရားသွားတိုင်း…….ကလေးဘ၀ကနေစပြီး..တက္ကသိုလ်ကျောင်းတက်တဲ့အထိ…
ဘုရားကိုရေချမ်းဆီမီးကပ်ပြီး…ကိုယ်လိုချင်တဲ့ဆုကျောင်းမှာအဆင့်တက်ဖို့ကနေ..အိမ်ကနေမုန့်ဖိုးများများရပြီး…
ကိုယ်လိုချင်တဲ့ပစ္စည်းဝယ်လို့ရတဲ့ထိပါဆုတောင်းတာပါ......



ဒီလိုနဲ့.....၂၀၀၉ခုနှစ် ၆လပိုင်းကုန်လောက်မှာတော့….ကျွန်မဟာမိုးကုတ်ဆရာတော်ကြီး
ရဲ့တရားခွေတွေနားထောင်ရင်း..မြတ်စွာဘုရားရဲ့သစ္စာတရားလေးပါးကိုသိခွင့်နာခွင့်ရခဲ့ပါတယ်…(ဒီနေရာမှာကျွန်မအထူးမေတ္တာရပ်ခံလိုပါတယ်…ကျွန်မရေးတဲ့စာအရေးအသားမှာတစုံတရာများ
မှားယွင်းရေးသားခဲ့မိရင်...ကျွန်မညဏ်ပညာနည်းပါး တယ်လို့ပဲနားလည်လက်ခံပေးကြပါရှင်)..