Pages

Friday, April 13, 2012
ယနေ့သင်္ကြန်အကျနေ့ဆိုတော့ ဆီထမင်းလှူမယ် လို့စိတ်ကူးထားတာနဲ့ မနက်စောစောထပြီး ဆီထမင်းထိုး
ပြီး၊ ဆီထမင်းနဲ့လိုက်ဖက်တဲ့ ငါးခြောက်လေးကြော် ၊ ပဲပြုတ် ၊ အုန်းသီး ၊နှမ်းထောင်းတို့နဲ့အတူ အိမ်နီးချင်း
တွေကို မနက်စောစော သူတို့တွေမနက်စာအဆင်သင့်စားရအောင် ချိုင့်လေးတွေပြင်ပြီး ကုသိုလ်ယူလိုက်ဝေပေးဖြစ်ပါတယ်.....

ကုသိုလ်တွေပြုလုပ်ရင်းကြည်နူးစိတ်ကလေးဖြစ်နေမိပါတယ်......ဒါပေမဲ့ မဖိတ်ခေါ်ဘဲစိတ်ထဲဝင်ဝင်လာ
နေတဲ့အကုသိုလ်အနှောင့်အယှက်တွေကိုလဲကြိုးစားမောင်းထုတ်နေရပါတယ်....ဒါကြောင့် ကိလေသာအညစ်အကြေးဆိုတော....မဖိတ်ခေါ်ပဲဝင်လာတဲ့ရန်သူဆိုတာအမှန်ပါပဲ...
ကိလေသာတွေကိုမောင်းထုတ်နိုင်ဖို့တရားအမှတ်လေးနဲ့ဆင်ခြင်နေမိပါတယ်.....



0 comments:

Post a Comment