Pages

Tuesday, April 3, 2012
အကောင်းဆုံးအရသာ
ဘာမေးလဲဆိုတော့ “ ကိံသု သာဓုတရံ ရသာနံ- အရသာတွေထဲမှာ အကောင်းဆုံး အရသာကဘာလဲ။ ”
          ကဲဒီမေးခွန်းလေးရဲ့ အဖြေလေးကို စဉ်းစားကြည့်လိုက်၊ လောကလူတွေကို ဒီအမေးမေးလို့ ရှိရင် ၀က်သားကြိုက်တဲ့ လူက ၀က်သားလို့ မပြောပေဘူးလား ၊ဒါကြောင့်မို့ ဗမာ ၏စကားပုံမှာတောင် အဆိုရှိသေးတယ်၊ အသီးမှာသရက် အသားမှာ ၀က်တဲ့၊ သရက်သီးကြိုက်တဲ့ လူက သရက်သီး ကောင်းတယ်လို့ ပြောတယ်၊ သရက်သီးဟာ အရသာရှိဆုံးလို့ ဒီလိုထင်ကြတယ်၊  လောက လူတွေဟာ အရသာ ရှိတယ်ဆိုတာ ကိုယ်ကြိုက်တာကို အရသာ အရှိဆုံးလို့ ထင်ကြတာပဲ၊ ပြောကြတာပဲ၊ အမျိုးမျိုး ဖြေကြတယ်၊ အဲဒီ ကောင်းတယ်ဆိုတဲ့ အရသာတွေ အားလုံး အကန့်အသတ်နဲ့ ချည်းပဲ၊ ကဲ.. ၀က်သားကြိုက်တဲ့ လူတွေကို နေ့တိုင်းဝက်သားချည်း ချက်ကျွေးလို့ရှိရင် သူစားနိုင်မလား၊ မစားနိုင်ဘူးလား၊ ကိုယ့်ဘာသာကိုယ်ပဲ စဉ်စားကြည့် ၊ ကောင်းတယ်ဆိုတဲ့ အရသာကို ဒါချည်းပဲ နေ့တိုင်းကျွေးမယ်၊ ဒီပုဂ္ဂိုလ်က မစားနိုင်တော့ဘူး၊
ဒီတော့ မြတ်စွာဘုရားရဲ့ အဖြေက လောကမှာ လူတွေ မဖြေနိုင်တဲ့ အဖြေမျိုး၊ မသိနိုင်တဲ့ အဖြေမျိုးကို ဖြေထားတယ်၊ မှန်လည်း လုံးဝမှန်တဲ့အဖြေမျိုး၊ မြတ်စွာဘုရားက “ သစ္စံ သာဓုတရံ ရသာနံ -လောကမှာ အကောင်းဆုံး အရသာဟာ သစ္စာပဲ ”မှန်တာကို ပြောတဲ့ သစ္စာစကား။ ဘာဖြစ်လို့ ကောင်းတဲ့ အရသာလို့ ပြောတာတုံး၊ လောကလူတွေဟာ မှန်တဲ့စကား ကိုပြောနေလို့ ရှိရင် နွယ်မြက် သစ်ပင်တောင်ေ ဆးဘက်ဝင်တယ် မဟုတ်လား၊ ၀စီသစ္စာနဲ့ ပြောရင် အရာခပ်သိမ်း အောင်မြင်နိုင်တယ်။
ဝစီသစ္စာလို ကောင်းတဲ့ အရသာက ဘယ်တော့မှ အီမသွားဘူး၊ ၀က်သားစားရင် အီသွားမယ်၊ အချိုတွေလည်း စားရင်အီသွားမယ်၊ အချဉ်တွေလည်း ကြာရှည် မစားနိုင်ဘူး၊ ဒီ့ပြင်အရသာ တွေကလည်း၊ အတိုင်းအတာ အကန့် အသတ်နဲ့ ချည်းပဲ၊ မှန်တဲ့ စကားဟာ အကြိမ်တစ်ရာ ပြောလည်း အရသာမပျက်ဘူး။ ရလာတဲ့အကျိုးက လည်းအင်မတန်ကြီးမား တယ် လူသားကို မဆိုထားဘိ၊ ဘုရားအလောင်း “ငုံးဖြစ်စဉ်က တောမီးလောင်တဲ့ အခါ မှန်တာကို ပြောလိုက်တယ်။ “ သန္တိပက္ခာ အပတနာ- သူ့မှာ အတောင်တော့ ပေါက်ပြီး မပျံနိုင် သေးဘူးတဲ့ ၊ “သန္တိပါဒါ အ၀ဉ္စနာ -သူ့မှာ ခြေထောက်တွေ တော့ရှိတယ်၊ မသွားနိုင်ဘူးတဲ့၊ “မာတာ ပိတာစ နိက္ခ န္တာ-အမေဖေတွေကလည်း ထွက်ပြေး ကုန်ကြပြီတဲ့။ ဟော သူပြောတဲ့ စကား ၃-ခွန်းစလုံး မှန်တယ်၊ အဲဒီ “မှန်တဲ့ စကားကြောင့် တောမီးကြီး သူ့ကို ရှောင်သွားပါစေလို့  သစ္စာဆိုတာ ၊မီးက သူ့ဆီ လုံးဝ ရောက်မလာနိုင်ဘူး၊ ဒါမှန်တဲ့စကား၏ အရသာရှိပုံပဲ၊ မှန်တဲ့ စကားက ဘေးရန်အန္တရယ် များကို ကာကွယ်နိုင်တယ်။ သို့သော် လောက လူတွေဟာ မှန်တဲ့ စကားကို အရသာ ခံပြီးပြောနိုင်လား ဆိုတော့ မပြောနိုင်ဘူး၊ မပြောနိုင်လို့ မှန်တာကိုပြောရရင် လကာင်္မချောဘူးတဲ့၊ ဒါကြောင့်မို့ “မုသားမပါလကာင်္မချောတဲ့ မှန်တာပြောရရင် စကားက တယ်မချောလို့၊ တယ်ပြီးတော့ အဆင်မပြေလို့ နည်းနည်းကလေးတော့ အလိမ်အကောက်ကလေးထည့် လိုက်ချင်တာ၊ လကာင်္ချောအောင် လိမ်တာလေးတော့ ထည့်ချင်သေးသပေါ့၊ အဲလောက်ထိ အောင်မှန်တဲ့ စကားနဲ့ ဝေးကွာနေတယ်။ မြတ်စွာဘုရားက လောကမှာ အရသာတွေထဲမှာ အကောင်းဆုံး အရသာဆိုတာ ၀စီသစ္စာကို ပြောတာပါတဲ့၊ အမှန်ပြောတာဟာ အရသာအရှိဆုံးပဲ၊ အမှန်ပြောရသည့် အတွက် အီမသွားဘူး၊ လိမ်တတ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ အမှန်ပြောချင်မှာ မဟုတ်ဘူးနော်၊ ဒါဖြင့်တို့တတွေဟာ ဘ၀အရေးမှာ အကောင်ဆုံး အရသာကို စားဖို့လိုအပ်နေတယ်၊ ဘယ်လိုတုန်းဆို မှန်ကန်တဲ့စကားကို ပြောပြီး သစ္စာဆိုမယ်ဆိုရင် ကိုယ်လိုချင်တာ တွေလုပ်လို့ရပါတယ်၊ စမ်းကြည့်ပေါ့၊ မဟုတ်တာတော့ မပါစေနဲ့၊ လကာင်္ချောအောင်တော့ မထည့်နဲ့နော်၊ ဆိုပါစို့၊ “ဘုရားရှိခိုးရမှာ ပျင်းတဲ့လူက သစ္စာဆိုလို့ရပါတယ်၊ ကျွန်ုပ်သည် နေ့စဉ်နှင့် အမျှဘုရားရှိခိုးရမှာ အလွန်ပျင်းပါတယ်၊ ဘယ်တော့မှလည်း မရှိခိုးပါဘူး၊ ဤမှန်သောစကားကို ဆိုရသောကြောင့် ဆိုပြီး သစ္စာဆိုလို့ရတယ်၊ တစ်ခုခု လိုချင်တာကိုပြော၊ စွမ်းအားသတ္တိ ပြည့်မြောက်လာတဲ့ တစ်နေ့မှာ အောင်မြင်လာမှာပဲ၊ တစ်ခုခုမဟုတ်တာ လုပ်တာကလည်း လုပ်တာကို သစ္စာဆိုလို့ရတယ်၊ သစ္စာဆိုတာ မှန်တာကို ပြောတာ၊ ဒါကြောင့်မို့ သစ္စာဆိုတဲ့ စကားတစ်ခုဟာ အင်မတန်မှ အရသာရှိတဲ့ အရာတစ်ခု ဖြစ်တယ်လို့ မြတ်စွာဘုရားက ဒီမှာဖြေတယ်။
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် (ဒေါက်တာ-အရှင်နန္ဒမာလာဘိဝံသ)

   
            အလင်းစေတမန်                                                 တို့လည်းလိုက်မယ်ချန်မထားနဲ့
အမှောင်ကမ္ဘာထဲကလူသားတွေအတွက်                      အမြင့်မြတ်ဆုံးပန်းတိုင်ဆီ
မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေဟာ                      ရည်မှန်းချက်ကြီးမား မရပ်မနားခြေလှမ်းတွေနဲ့
အားကိုးစရာအလင်းတန်းတွေပါ။                               မမောတမ်းလျှောက်နေကြသူတွေ
လူသားတွေရဲ့နှလုံးသားထဲက                                   ကြားရလေ  မြင်ရလေတိုင်း
အမှောင်ဓာတ်တွေကိုဖယ်ထုတ်ပစ်နိုင်ဖို့                      စိတ်အားတွေတက်ကြွ၊ သန္နိဌာန်ခိုင်ခိုင်ချပြီး
မြတ်စွာဘုရားရှင်ရဲ့အလင်းတရားတွေကို                     လောကကြီးဘေးမသန်း၊ မနောလှပြီးအေးချမ်းဖို့
ကိုယ်တိုင်းလည်းနာကြားကျင့်သုံးပြီး                           မငြီးတမ်းလိုက်ခဲ့ပါ့မယ် ။
သူတစ်ပါးကိုလည်းဖြန့်လှူဝေငှကြရပါမယ်။                   ပါရမီရှင်တို့ရေ..    
                                                                        အတ္တတွေစွန့်ချထားခဲ့မှာပါ..။
                               (ကုသိုလ်လမ်းမှာ၊ သူလျှောက်ရာ၊ကပ်ကာလိုက်ရမည်။)
                                                                                                                ဆရာတော်အရှင်ဆန္ဒာဓိက
နေ့စဉ်ပွားပါ    ဤငါးဖြာ
၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၎။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့ ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
၅။ ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်၊ ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကံသာလျှင် အမွေခံရှိသည်၊ ကံသာလျှင် အဆွေအမျိုးရှိသည်၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည် လည်းဖြစ်သော၊ မကောင်းသည် လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှု မကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။
( အဘိဏှသုတ်)
              မှတ်ချက်။    ။ ဤစာစဉ်ကို ဓမ္မဗျူဟာ စာစောင်မှ  ပါမောက္ခချုပ် ဆရာတော် (ဒေါက်တာ-အရှင်နန္ဒမာလာ ဘိဝံသ)၏ဘ၀အရေး စိတ်အေးရလေအောင် (အကောင်းဆုံးအရသာ) ” နှင့် ဆရာတော် အရှင်ဆန္ဒာဓိက၏ ” အလင်းစေတမန် တို့လည်းလိုက်မယ် ချန်မထားနဲ့နှင့် အဘိဏှသုတ် ကို(www.vimuttisukha.com) များတို့မှ ထုတ်နှတ်မျှဝေ ပူဇော်ပါသည်။ ဤစာစဉ်ကို ဗုဒ္ဓဘာသာလူငယ်များ (Y.O.B) အဖွဲ့မှ ဒါနပြုပါသည်။ ဤစာစဉ်၏ ကောင်းမှုသည် မဂ်ညဏ်၏ အထောက်အပံ့ ဖြစ်စေသား…………….။ 
                                              ဗုဒ္ဓဘာသာလူငယ်များ   Youths of Buddhism (Y.O.B)

0 comments:

Post a Comment