Pages

Sunday, April 15, 2012
ဒီနေ့တော့ နို့စိမ်းသာကူလေးကျိုဖြစ်ပါတယ်....ဒီတော့လိုအပ်တဲ့ဘုံကျောင်းတံဆိပ်သာကူစေ့ရယ်၊သကြား၊

နို့စိမ်း၊အုန်းနို့ဘူးတွေဝယ်လိုက်ပါတယ်.... 



နောက်သကြားလေးကိုအရင်ကျိုလိုက်ပါတယ်...
နောက် ကန်ဇွန်းဥလေးတွေစိတ်ပြီးအရင်ထည့်ထားလိုက်ပါတယ် 
ပြီးတော့ သာကူစေ့လေးတွေထည့်ထားလိုက်ပါတယ် သာကူထည့်ပြီးတော့ ဇွန်းလေးနဲ့မွှေမွေပေးနေပါတယ်
နောက် နို့စိမ်းဘူးရော ၊ အုန်းနို့ဘူးပါထည့်ပြီး အဆတ်မပြတ်မွှေနေလိုက်ပါတယ်
ပြီးတော့ သာကူစေ့လေး မျက်စေ့ပျောက်ပြီးဆို နို့စိမ်းသာကူချိုစိမ့်လေးရပါပြီရှင်.....



အခုဆို အိမ်နီနားချင်းတွေကိုဝေဖို့ချိုင့်လေးတွေအသင့်ပြင်ပြီးပါပြီ...ကလေးလူကြီးအကြိုက်

နို့စိမ်းသာကူချိုချိုလေးပါရှင်.....
 



ရပ်ဝေးရပ်နီးမိတ်ဆွေအားလုံးအတွက် ကျွန်မတတ်တမျှ နို့စိမ်းသာကူလုပ်နည်းလေးကျွန်မဘလောက်

မှာမျှဝေရေးသားလိုက်ပါတယ်......

0 comments:

Post a Comment